။ သင်သာဆရာဖြစ်ပါစေ ။

။ သည်နေ့စိတ်ထဲမှသည်စကား ပြောဖြစ်ကြမယ်။ ။ သူသူငါငါကျန်းမာကြလားဆင်ပြေကြလားနှုတ်ဖျားမလွတ် မေးကြမယ်။ ။ ကျန်းမာကြသူပြေကြသူတွေမဟုတ်လေလည်းသလိုနဲ့သာ ဖြေကြမယ်။ ။ ရင်မှမအေးမျိုးစုံတွေးတော့ရင်လေးစုံစွာဖြစ်ပုံများပေါ့ဗျာပါဒဆက် မျိုးစုံစွာ။ ။ ဘဝအရေးဘေးဖယ်ပြေးလွှားကြိုးစားလှုပ်ရှားမနေနားလည်းအားနည်းရုပ်နွမ်း မကြည်လန်း။ ။ အိုခန်းဖြစ်လာရုပ်ကြည်လွှာမဲ့အနာနဲ့ဆက် မခိုင်မာ။ ။ စိတ်လည်းမခန့်လူအလန့်ဖြစ်သန့်သန့်သန်သန်ပင်ကိုဟန်ကွယ်သေရုပ်နယ်ဆင်းအိုမင်းထင်လာ နေပြန်တော့။ ။ အရာရာခမ်းဇရာဖမ်းတော့ကုန်ခန်းအားအင်ဘုံလမ်းပြင်သည်ရုပ်ရှင်သရုပ်သည်ဇာတ်ထုပ်ကိုမွေးထုတ်ကြသူ သိလေပေါ့။ ။ ခုတော့မေ့ပေါ့သတိသမာဓိမဲ့နတ္ထိပညာလွန်ဝေးကွာပြီသင်သာဆရာဖြစ်ပါစေသင်သာ မနာသစ်ပါစေ။(မနာ သို့မဟုတ် မန ” စိတ်” ဟု အဓိပ္ပာယ်ကောက်ပါ။) တောင်ကလေးဆရာတော်(၇.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)